International News

ဟောင်ကောင်၏ ရွှေဈေးရုတ်တရက်မြင့်တက်မှုအပေါ် စိုးရိမ်ပူပန်

Last Updated:

‌ရွှေဈေးတစ်ဟုန်ထိုးမြင့်တက်မှုကြောင့် စီးပွားရေးအကြံပေးများမှာ စိုးရိမ်ပူပန်စွာ စောင့်ကြည့်လျက်ရှိကြောင်း၊ ရွှေဈေးရုတ်တရက်မြင့်တက်မှု ကြောင့် မင်္ဂလာဆောင်မည့်သတို့သမီးလောင်းများ၏ မိဘများမှာ ရွှေဝယ်ယူရန်အတွက် ငွေကြေးမလုံလောက်မည်ကို စိုးရိမ်လျက်ရှိကြောင်း၊ ယခုနှစ်အတွင်း ရွှေဈေးမှာ(၃၆) ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်း၊ တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲတင်းမာမှု၊ Covid-19 ကမ္ဘာ့ ကပ်ရောဂါဖြစ်ပွားမှု၊ ငွေကြေးဖောင်းပွမှုနှင့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးမသေချာမှုများကြောင့် အဖိုးတန်ရွှေထည်ပစ္စည်းများ ဝယ်ယူမှုမှာမြင့်တက် လာကြောင်း၊ အမေရိကန်ဒေါ်လာအားနည်းမှုနှင့် အသွားအလာကန့်သတ်မှုများ လျော့နည်းလာမှုကြောင့် ကမ္ဘာ့ဗဟိုဘဏ်မှ ငွေသားကိုင်ဆောင်မှု ထက် ရွှေများဝယ်ယူ ပိုမိုရင်းနှီးမြှုပ်နှံထားရန် လုပ်ဆောင်ခဲ့ကြောင်း၊ ၇-၈-၂၀၂၀ ရက်နေ့တွင် ဟောင်ကောင်ဒေသ၏ ရွှေဈေးမှာ (၅၀) ဂရမ်လျှင် ဟောင်ကောင်ဒေါ်လာ (၁၉,၂၄၇)သို့ ရောက်ရှိခဲ့ကြောင်း၊ ရွှေထည် လက်ဝတ်ရတနာပစ္စည်းများမှာ တရုတ်ရိုးရာအရ မင်္ဂလာအခမ်းအနားပွဲများ အတွက် အရေးကြီးကြောင်း၊  ရွှေလက်ကောက် (၅၀)ဂရမ်လျှင် ယခုလက်ရှိတွင် ဟောင်ကောင်ဒေါ်လာ (၂၀,၈၄၇) ရှိရာ နှစ်ဦးပိုင်းက  ဟောင်ကောင်ဒေါ်လာ (၁၆,၀၃၈) ရှိခဲ့ခြင်းထက် (၃၀) ရာခိုင်နှုန်း ပိုမိုမြင့်မားလာကြောင်း၊ တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲကြောင့် ရွှေဈေးမှာ ဆက်လက်မြင့်တက်နေ မည်ဖြစ်ကြောင်း၊ နောင်လာမည့် (၃) လအတွင်း တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၂,၃၀၀) ထိမြင့် တက်နိုင်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Enoch Yiu က “ Gold surge a concern for parents of brides-to-be” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: International News